အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၉၃)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ Quarantine Center သို့ ပို့ဆောင်

ရန်ကုန်          နိုဝင်ဘာ        ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၉၃)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ Quarantine Center သို့ ယမန်နေ့ ညနေပိုင်းက အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center (၆)ခုအနက် အင်းစိန်(GTI) Quarantine Center (၂)နှင့်(၃)သို့ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများဖြစ်သော ကြို့ကုန်း အရှေ့ရပ်ကွက်မှ (၃၀)ဦး၊ မြို့သစ်(က+ခ)ရပ်ကွက်မှ (၁၁)ဦး၊စော်ဘွားကြီးကုန်းရပ်ကွက်မှ (၁၅)ဦး၊နံ့သာကုန်းရပ်ကွက်မှ (၇)ဦး၊ ရွာမအရှေ့ ရပ်ကွက်မှ (၆)ဦး၊ အောင်ဆန်းရပ်ကွက်မှ (၅)ဦး၊ရွာမအနောက် ရပ်ကွက်မှ(၅)ဦး၊ စဉ်ငူရပ်ကွက်မှ (၄)ဦး၊ ဈေးကုန်းအရှေ့ရပ်ကွက်မှ (၃)ဦး၊ ပေါက်တောရပ်ကွက်မှ (၂)ဦး၊ တောင်သူကုန်းရပ်ကွက်မှ (၂)ဦး၊ တညင်းကုန်း ရပ်ကွက်မှ (၁)ဦး၊ ကမ်းနားအနောက်ရပ်ကွက်မှ (၁)ဦး၊ မြို့သစ်(ဂ)ရပ်ကွက်မှ (၁)ဦး စုစုပေါင်း (၉၃)ဦးကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီ အသင်းများမှ သက်ဆိုင်ရာ Quarantine Center သို့ အသီးသီး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)