သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်းသီးနှံပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ရန် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀၇၇၄၂ သိန်း ထုတ်ချေးမည်

သုံးခွ နို၀င်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တောင်သူများ ၂၀၂၀-၂၀၂၁ စိုက်ပျိုးရာသီတွင် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ရန် ယမန်နေ့နံနက်ပိုင်းက သိုက်တူးကန်ကျေးရွာအား စိုက်ပျိုးစရိတ်ချေးငွေ စတင် ထုတ်ချေးပေးကြောင်း သိရှိရသည်။

အဆိုပါကျေးရွာအားတစ်ဧကကျပ်တစ်သိန်းနှုန်းဖြင့်တောင်သူ ၁၀၀ ဦး အား ( ၇၀၃) ဧကအတွက် ကျပ်(၇၀၃)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းသိရှိ ရသည်။

သုံးခွမြို့နယ်တွင် ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုး  ထုတ်လုပ်ရန် ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၅)အုပ်စုမှတောင်သူ (၁၅၃၆၀)ဦးအား တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် ဧက(၁၀၇၇၄၂)အတွက်ကျပ်  (၁၀၇၇၄၂)သိန်းအား ထုတ်ချေး ပေးရန် လျာထားကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရှိရသည်။

ချေးငွေများထုတ်ချေးရာတွင်လည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းမှာ ငွေကျပ်၁၀၀လျှင် တစ်နှစ်ငါးရာခိုင်နှုန်းတိုးဖြစ်ကြောင်း သိရှိရသည်။

စည်သူလင်း ပြန်/ဆက်