ခရမ်း နိုဝင်ဘာ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay Home ကာလ အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံနှံ့မှုအား လျှင်မြန်စေသော လူစုလူဝေးဖြစ်ပေါ်မှုကို လျှော့ချနိုင်စေရန်အတွက် ခရမ်းမြို့ မဈေးကြီးတွင် စားသောက် ကုန်ပစ္စည်းနှင့် သား/ငါး အသီးအနှံများသာရောင်းချ ခွင့်ပြုထားပြီး အခြားမည်သည့် ဆိုင်မျှ ဆိုင်ဖွင့်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်၈ နာရီက ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်း အတွင်း ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဦးရေ များပြားလာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ခရမ်းမြို့ မြို့မဈေးအတွင်းဈေးရောင်း၊ ဈေးဝယ်သူ များအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက် ရမည့် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီဈေးအတွင်းသို့ နှာခေါင်းစည်း Mask များတပ်ဆင်၍ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်မှုမရှိသူများအား ဈေးအတွင်းဝင်ရောက်ခွင့်မပြုဘဲ mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းဝင်ရောက်ခွင့်ပြုပြီး ကျန်းမာရေးအသိပညာပေးခြင်းများကို ခရမ်းမြို့နယ်စည်ပင် သာယာရေး အဖွဲ့ အမှူဆောင်အရာရှိ ဦးမိုးကျော်နှင့် မြိုနယ်စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်း များက ခရမ်းမြို့မဈေးကြီးအဝင်မှစ၍ပြည်သူများအား mask တပ်ဆင်ရေးအသိပညာပေး၍ ဈေးအတွင်း ဈေးသည်/ဈေးဝယ် များအား mask များ အခမဲ့ဖြန့်ဝေပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ကိုမင်း(ခရမ်း)