ဆော နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များ အတွက် နိုင်ငံတော်မှထောက်ပံ့သော ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်များမှ အခြေခံလူတန်းစား အိမ်ထောင်စု (၆၀၄)စုအား ယမန်နေ့က အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် အခြေခံလူတန်းစားအိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် မြို့ပေါ် ရပ်ကွက်အတွင်း အိမ်ထောင်စု(၆၀၄)စုအတွက် ထောက်ပံ့ငွေကျပ် ၁၂၀၈၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးအဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆောမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ(၆၈)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၈၃၅)စုကို အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၇၆၇၀၀၀၀၀ ကို နိုင်ငံတော်အစိုးရက စတုတ္ထ အကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇော်မျိုးသန့်(ဆော)