ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်အကူများအား အင်္ဂပူစစ်ဆေးရေးဂိတ်တွင် (RDT) Test Kit အသုံးပြု၍ စစ်ဆေးရာ( ၂ )ဦးတွင် ရောဂါပိုးတွေ့ရှိ

ကွမ်းခြံကုန်း  နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ‌ အောက်တိုဘာလ ၂၆  ရက် မနက်ပိုင်းမှ စ၍ ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်အကူများအား အင်္ဂပူစစ်ဆေးရေး ဂိတ်တွင် (RDT)Test Kitအသုံးပြု၍ နေ့စဉ် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က ကုန်တင် ယာဉ်မောင်းများနှင့် ယာဉ်အကူ များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေး ခဲ့ခြင်း ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမများမှ (RDT)Test Kit အသုံးပြု၍ ကုန်တင်ယာဉ်မောင်း နှင့်ယာဉ် အကူ(၄၉)ဦးအား စစ်ဆေးရာ ( )ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုး( Positive ) တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ခဲ့သူ( )ဦးမှာ မြောက်ဥက္ကလာပ မြို့နယ် နှင့် လှိုင်သာယာ မြို့နယ်များမှ ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ် များ နှင့် ချိတ်ဆက်၍ ကုသရေးစင်တာများသို့ ပို့ဆောင် ပေးသွားမည် ဖြစ်သည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ပူးပေါင်းအဖွဲ့များမှ စစ်ဆေးရေး ဂိတ်တွင် ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်အကူများအား (RDT) Test Kit  အသုံးပြု၍ နေ့စဉ် စစ်ဆေးပေး လျက်ရှိကြောင်းမြို့နယ်ကိုဗစ် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)