ကျောက်တန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ( ၇ ) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ကျောက်တန်း  နိုဝင်ဘာ  ၁၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ ဗိမာန်)တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ() ဦး ကျန်းမာရေးကောင်းမွန်လာ၍  ယမန်နေ့ မွန်းလွဲပိုင်း ကဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ထိုသို့ဆေးရုံဆင်းခွင့်ရရှိသူများအား ကျောက်တန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မို့မို့ခိုင် က ကျန်းမာရေးဆိုင်ရာ အသိပညာများနှင့် မိမိတို့နေအိမ်သို့ရောက်သောအခါတွင်လည်း နေအိမ်တွင် Stay at Home  () ရက်ကြာနေထိုင်ရေး စည်းကမ်းချက်များဆွေးနွေးမှာကြားပြီး ဆေးရုံဆင်းလက်မှတ် များပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆေးရုံဆင်းခွင့်ရရှိ ကျား(   ) ဦးနှင့် ( ) ဦး ၊စုစုပေါင်း () ဦးကို  ကျောက်တန်းမြို့နယ်လုံး ဆိုင်ရာ ပရဟိတအဖွဲ့မှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက ၎င်းတို့၏နေရပ်များအထိ လိုက်လံပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင်  ယာယီဆေးကုသရေးစင်တာ () ခု၊ စောင့်ကြည့်ရေးစခန်း ()ခုရှိပြီး လက်ရှိ အချိန်ထိ  ပိုးတွေ့အတည်ပြုလူနာ (၃၇၉) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၀၇) ဦး၊ ဆေးကုသမှုခံယူနေသူ သာသနာ့ဗိမာန် ယာယီဆေးကုသရေး စင်တာတွင်  (၆၀)ဦး ရန်ကုန်မြို့ ဆေးရုံအသီးသီးတွင် () ဦး ပေါင်း(၆၆) ဦး နှင့်သေဆုံးသူ ( ) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)