ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သည့် မဲရုံအဖွဲ့ဝင်များအပါအဝင် လူ ၁၀၃ ဦးတို့၏ ဓါတ်ခွဲနမူနာများကို ကျောက်မဲခရိုင် ကျန်းမာရေးဦးစီးဌာနမှ ‌ရယူပေးပို့ စစ်ဆေးထား

ကျောက်မဲ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက  ကိုဗစ်၁၉ ပိုးတွေ့လူနာနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည့် နောင်ပိန်ကျေးရွာရှိ မဲရုံအဖွဲ့ဝင်များနှင့် ကျောက်မဲမြို့ပေါ်ရှိ အသွားအလာ ကန့်သတ် စောင့်ကြည့် ထားသူ လူပေါင်း ၁၀၃ ဦးတို့၏ ဓါတ်ခွဲနမူနာများကို ရယူပြီး တောင်ကြီးသို့ပေးပို့ စစ်ဆေးထားကြောင်း သိရသည်။

နိုဝင်ဘာ ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကျောက်မဲမြို့နယ်၊ နောင်ပိန် ကျေးရွာ မဲရုံအမှတ် ဆန္ဒမဲ လာပေးသည့် ကားသမားတစ်ဦး တွင် ကိုဗစ်၁၉ ပိုးတွေ့ခဲ့ခြင်းကြောင့် အဆိုပါ ကားသမား နှင့် တိုက်ရိုက်ထိတွေ့သည့် မဲရုံအဖွဲ့ဝင် ၃၀ ဦးရှိခဲ့သည်။

ကျောက်မဲမြို့ပေါ်ရှိ အမှတ် အခြေခံပညာ အလယ်တန်းကျောင်းနှင့် ရက်ကန်းကျောင်း (Quarantine Center) နေရာ တွင် ပြည်တွင်း /ပြည်ပမှ ပြန်လာသူများကို အသွားအလာကန့်သတ် ထားရှိ စောင့်ကြည့်ထားသူ ၇၃ ဦးရှိခဲ့သည်။

 ထို့ကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အဆိုပါ Quarantine Center  ရှိ လူ ၇၃ ဦးနှင့် ကိုဗစ် ၁၉ ပိုးတွေ့ လူနာ နှင့် ထိတွေ့ခဲ့သည့် နောင်ပိန်ကျေးရွာ မဲရုံ အမှတ် ရှိ မဲရုံအဖွဲ့ဝင် လူ ၃၀ ဦး စုစုပေါင်း ၁၀၃ ဦးတို့၏ ဓါတ်ခွဲ နမူနာများကို  နိုဝင်ဘာ ၁၁ ရက်နေ့က ရယူ၍ ကိုဗစ် ၁၉  ပိုးရှိ/မရှိ တောင်ကြီးသို့ ယမန်နေ့ကပေးပို့စစ်ဆေးထားကြောင်း ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

ထို့အပြင် နောင်ပိန် ကျေးရွာ မဲရုံ အမှတ် မှ မဲရုံမှူး နှင့် ထပ်ဆင့် ထိတွေ့ခဲ့သည့် နောင်ပိန်ကျေးရွာ မဲရုံ မှ ဝန်ထမ်းများနှင့်  မဲစာရင်းနှင့်မဲရုံသုံးပစ္စည်းများကို လက်ခံရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကျောက်မဲမြို့ပေါ်ရှိ ဝန်ထမ်းများကို Home Quarantine အဖြစ် ရက် အသွားအလာကန့်သတ် စောင့်ကြည့်ထားကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)