ပန်ဆောင်၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ နောင်ယန်းကျေးရွာအုပ်စု၊ နောင်ဆိုင် ကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေကျပ်သိန်း (၁၈၀) ဖြင့် ဖောက်လုပ်သော ကျေးရွာချင်းဆက်လမ်း မှာ ရာနှုန်းပြည့်ပြီးစီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် ဖြည့်စွက်ရန်ပုံငွေ ကျပ်သိန်း ၁၈၀ ဖြင့် ကူဝါတိုင်းယုံးကုမ္ပဏီက တာဝန်ယူဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၁ မိုင်၊ လမ်းအကျယ် ၁၂ ပေ၊ ဂျင်းကျောက်ထု ၆ လက်မ အပြင် လမ်းပုခုံးမြေသားဖို့ခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများပါဝင်ပြီး လမ်းပုံစံအတိုင်း စနစ်တကျ ဖောက်လုပ်ထားကြောင်း ကုမ္ပဏီတာဝန်ခံ ဦးမား(လ်)မတ်ဝမ်းစိန် ထံမှသိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းမှာ နောင်ယန်းကျေးရွာနှင့် နောင်ဆိုင်ကျေးရွာကို ဆက်သွယ်ထားသော ကျေးရွာ ချင်းဆက် ဂျင်းကျောက် လမ်းအမျိုးအစားဖြစ်ပြီး ယခုအခါ လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာသူ/သား များ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့အပြင် ယင်းကျေးလက်ဒေသရှိ တောင်သူများ၏ လယ်ဧက ၂၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ လယ်များမှထွက်ရှိသော လယ်ယာထွက်ကုန်ပစ္စည်းများကိုယ်လည်း ကုန် ကျစရိတ်သက်သာစွာ နီးစပ်မြို့ရွာများသို့ အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း နောင်ယန်းကျေးရွာအုပ်ချုပ် ရေးမှူး ဦးထိုက်ရှမ်း ထံမှ သိရသည်။
ရွှေမိုး-ဂျာယော်(ပြန်ဆက်)