ဘောဂလိမြို့ ၊ သပြေညွှန့်ကျေးရွာ၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူန်းစား အိမ်ထောင်စုများ အတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်

ဘောဂလိ  နိုဝင်ဘာ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့  သပြေညွှန့်ကျေးရွာတွင်  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း    ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစားအိမ်ထောင်စုများ   စားဝတ်နေရေး  အဆင်ပြေစေရန်  နိုင်ငံတော်အစို;ရမှ စတုတ္ထအကြိမ်ထောက်ပံ့ငွေများ  ပေးအပ်ခြင်းကို  ယမန်နေ့ နံနက်ပိုင်းက   ဆောင်ရွက်ခဲ့ကြောင်း    သိရှိရသည်။

အဆိုပါ  ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သပြေညွှန့်ကျေးရွာ  အုပ်ချုပ်ရေးမှုးနှင့်  တာဝန်ရှိသူများက  တစ်အိမ်တက် တစ်အိမ်ဆင်း  လိုက်လံထောက်ပံ့ပေးအပ်ခဲ့ပြီး  ဘောဂလိမြို့ သပြေညွှန့်ကျေးရွာအုပ်စုတွင်  ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစား အိမ်ထောင်စု  (၁၀၁၀) စုရှိကြောင်း  သိရှိရသည်။

ဘောဂလိ   (ပြန်/ဆက်)