ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ၃ဦး ကျန်းမာရေးကောင်းမွန်လာ၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိ

ပုလဲ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ၃ဦးသည် ကိုဗစ်-၁၉ရောဂါ လက္ခဏာ ပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်လာ၍ ယနေ့ နံနက်၈နာရီခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပုလဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူးအဆင့်()ဦးနွယ်မင်းက  “ ကျွန်တော်တို့  မြို့နယ် မှာ       ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့    နိုဝင်ဘာ  ၆ရက်နေ့ ထုတ်ပြန်ချက်အရ ချင်ပြစ်ကျေးရွာ Quarantineမှာ ထားရှိတဲ့ အသက်၁၈နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ရှောက်ရင်းကုန်းကျေးရွာQuarantineမှာ ထားရှိတဲ့  အသက်  ၂၁နှစ်အရွယ် အမျိုးသမီး  ၂ဦးစုစုပေါင်း ၃ဦးမှာ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်လို့ ကျေးရွာQuarantine  ထားရှိတဲ့  နေရာကနေ   ခေါ်ဆောင်၍    မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation  Ward၌ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို  ဆောင်ရွက်ပေးခဲ့ပါတယ်။  ကိုဗစ် - ၁၉ ရောဂါပိုး  စတင်တွေ့ရှိခဲ့တဲ့ ရက်မှစ၍၁၀ရက်အတွင်း လူနာ၃ဦးဟာ ရောဂါလက္ခဏာမပြဘဲ  ကျန်းမာရေး  ကောင်းမွန်နေတဲ့ အတွက်ကြောင့် ယနေ့နိုဝင်ဘာ၁၃ရက်၊နံနက်ပိုင်းမှာ  မြို့နယ်ပြည်သူ့ဆေးရုံကနေ  ဆင်းခွင့်ပြုခဲ့တာ  ဖြစ်ပါ တယ်။ ဆေးရုံကနေ   ဆင်းခွင့်ရရှိတဲ့    အမျိုးသမီး  ၃ဦးကို ကျန်းမာရေး  ဝန်ထမ်းများက နှုတ်ဆက်အားပေး စကားများ ပြောကြား၍   ဆေးရုံဆင်းလက်မှတ်များကို  ပေးအပ်ခဲ့ပါတယ်။ ၎င်းတို့  ဦးအနေနဲ့ကျေးရွာများ သို့     ပြန်လည်ရောက်ရှိချိန်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များနှင့်အညီ Home  Quarantine( )ရက်  နေထိုင်ဖို့ကိုလည်း ဆောင်ရွက်ပေးထားပါတယ်ဟု ပြောကြားခဲ့သည်။

ပုလဲမြို့နယ်ရှိ  ကိုဗစ်- ၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ   ၃ဦးသည် နိုဝင်ဘာ၁၃ရက်နေ့တွင်  ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိခဲ့သောကြောင့်  ပုလဲမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြု လူနာ မရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)