ကရသူရိမြို့ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်

ကရသူရိ နိုဝင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်၊ကရသူရိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အား စတုတ္ထအကြိမ်ငွေ(၂၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို နိုင်ငံတော်မှဗစ်ကာလအတွင်းစီးပွားရေး  သက်သာချောင်ချိးစေရေး အတွက် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုမိသားစုဝင်များအား   ထောက်ပံ့ပေးအပ်ရာတွင် တိကျမှန်ကန်စေရေးနှင့်ပြည်သူများ လက်ဝယ် ရောက်ရှိစေရေး   သက်ဆိုင်ရာ   ရပ်ကွက်/ကျေးရွာအုပ်စုအလိုက်မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ကြီးကြပ်၍ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး တို့ဖြင့် တစ်အိမ်ထောင်လျှင်ငွေကျပ်(၂၀၀၀၀/-)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကရသူရိမြို့ တွင် ရပ်ကွက်()ရပ်ကွက်၊     ကျေးရွာအုပ်စု()အုပ်စုတွင်     ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု(၁၆၁၉)စုရှိကြောင်းသိရသည်။

စိုးဝင်း(ပြန်/ဆက်)