ကာလိမြို့၊ဟိုပန်ကျေးရွာအုပ်စု၊ကျေးရွာ(၁၄)ရွာရှိအခြေခံလူတန်းစားများ စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ကာလိ  နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ပြည်သူများအား စတုတ္ထအကြိမ် ငွေသားဖြင့်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်မှစ၍  တာဝန်ရှိသူများက အိမ်တိုင်ရာရောက်လိုက်လံကွင်းဆင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ဟိုပန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့်နှင့် တာဝန်ရှိသူများတို့က  နိုင်ငံတော်အစိုးရမှ ထောက်ပံ့လာ သည့် ထောက်ပံ့ငွေများကို ဟိုပန်ကျေးရွာအုပ်စု အတွင်း ကျေးရွာပေါင်း(၁၄)ရွာမှ အိမ်ထောင်စုပေါင်း(၁၁၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေသား(၂)သောင်းကျပ်နှုန်းဖြင့်  ကိုဗစ်-၁၉ ရောဂါ ၊ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သည့်  အခြေခံလူတန်းစားများအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကျေးရွာအရောက် လိုက်လံသွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရရှိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)