နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် မြို့အဝင်/အထွက်ပူးပေါင်း စစ်ဆေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်

နတ်မောက်   နိုဝင်ဘာ   ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို  စဉ်ဆက်မပျက် ဆောင်ရွက်သည့် အနေဖြင့် နတ်မောက်-မြို့သစ်-တောင်တွင်းကြီးအဝင်ဂိတ်တွင်  မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များပူးပေါင်း၍ ယနေ့နံနက်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပုဂ္ဂလိကလုပ်ငန်းသုံး  မော်တော်ယာဉ်လိုင်းကြီးကြပ်ရေးကော်မတီမှ တာဝန် ရှိသူများက ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး  လုပ်ငန်းတစ်ခုအဖြစ် ပူးပေါင်း၍ စစ်ဆေးရေးဂိတ်များတွင် မော်တော်ယာဉ် အဝင်/ အထွက် စာရင်းများပြုစု မှတ်သားခြင်း၊ ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေး စစ်ဆေးခြင်း များဆောင်ရွက်ခြင်း၊ စစ်ဆေးရေးဂိတ်တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)