လမ်းမတော် နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင်ကိုဗစ်၁၉ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ အလှူရှင်များမှ အလှူငွေများ ကို ယမန်နေ့ နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဦးမြတ်သူ+ ဒေါ်ညွှန့်အေး မိသားစုက အလှူငွေကျပ်(၁)သိန်း၊ ဦးစိုးစိုးနောင် +ဒေါ်ယုယုဝင်း မိသားစုမှ အလှူငွေ(၁)သိန်း၊ ဦးသိန်းနိုင်ဦး+ဒေါ်ယဉ်မွန်အေးမိသားစု အလှူငွေ(၁)သိန်းကျပ်အားလည်းကောင်း၊ ဦးသန်းစိုး+ဒေါက်တာမြင့်မြင့်သိန်းမိသားစုမှ အလှူငွေ(၁)သိန်းကျပ်အားလည်းကောင်း၊ Joint Venture Of Soosung-Dohwa Jinwoo (မြန်မာကိုရီးယားချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေး စီမံကိန်း၏အကြံပေးအဖွဲ့)မှ အလှူငွေ(၁၀)သိန်းကျပ်အားလည်းကောင်း၊ Mr.Choi Jong Bo(Project Manager)Joint Venture Of Soosung-Dohwa-Jinwoo (မြန်မာကိုရီးယားချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးစီမံကိန်း၏အကြံပေးအဖွဲ့)မှ USD100 ကို လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည် ပေးအပ်ခဲ့ ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် အ.ထ.က(၁) Quarantine Center နှင့် အ.လ.က(၁)မြမာလာတို့တွင် အနံ့မရရှိသူများ ကို သီးခြားအဆောင်များတွင် ထားရှိထားပြီး Quarantine ဝင်ရောက်နေသူများအား အလှူရှင်များက စားသောက်စရာ များကို လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)