မိုးနဲ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများ တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရေး အတွက်နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းစီကို စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူး နှင့် စာရေးဝန်ထမ်းများ ကမြို့ပေါ်(၅) ရပ်ကွက် ၊မိုက်ဟိုင်းကျေးရွာအုပ်စု နှင့်ဝမ်ဟေကျေးရွာ အုပ်စုအတွင်း ရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းစီကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေး အပ်ခဲ့သည်။
မိုးနဲမြို့နယ်တွင် (ကျိုင်းတောင်းမြို့အပါအဝင်) ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ပေါင်း ၈၅၀ စု ရှိပြီး ကျန်ရှိနေသေးသည့် ကျေးရွာ အုပ်စုများတွင်လည်း ဆက်လက်ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)