ထန်းတပင်မြို့နယ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာသို့ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းနှင့် သောက်ရေသန့်ဘူးများလှူဒါန်း

ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၁၃

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ..က(ခွဲ) အတွင်းရေကျော်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက် ရာ၌ အသုံးပြုနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းနှင့် သောက်ရေသန့်ဘူးများကို ထန်းတပင်မြို့မပရဟိတလူငယ်အဖွဲ့နှင့် အလှူရှင်များ အဆိုပါစင် တာသို့သွားရောက် လှူဒါန်းပေး ခဲ့ကြကြောင်းသိရသည်။

ထို့သို့ လှူဒါန်းရာတွင် အလှူရှင် ဦးဝင်းရွှေနှင့်ဇနီး ဒေါ်စန္ဒာဝင်း (အောင်ချမ်းမြေ့လယ်ယာသုံး စက်ပစ္စည်းနှင့်စိုက်ပျိုးရေးပစ္စည်း မျိုးစုံ ရောင်းဝယ်ရေး) မိသားစုတို့က ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရောဂါကြိုတင် ကာကွယ်သုံးပစ္စည်း PPE Level2(၁၀)စုံ၊လက်အိတ်အစုံ(၅၀)ပါတစ်ဘူး၊ သောက်ရေသန့်ခြောက်လုံးပါ (၅၀)ကတ်နှင့် ဦးမင်းမင်းစိုး မှလည်း အဟာရမုန့်များကိုစင်တာမှတာဝန်ရှိသူများထံသို့ပေးအပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံနှံမှုများမရှိစေရေးအတွက်ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်တာဝန် ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ် အတွင်းရှိ ပရဟိတအဖွဲ့များအားလုံး ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း လည်းသိရသည်။       

ဇင်မင်းထိုက်(ပြန်/ဆက်)