စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ် ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ကလေးဝ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မြို့နယ် အတွင်းရှိ မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာ ပေးအပ်ပွဲကို ယနေ့ နံနက် နာရီက အမှတ် ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်လွင်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက် နေ့က ကျင်းပခဲ့သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တတိယ အကြိမ်မြောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းနိုင်ရေးအတွက် အထူးရဲအဖွဲ့ဝင်အဖြစ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး အထူးရဲတပ်ဖွဲ့ ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

ကလေးဝမြို့နယ်အတွင်း၌ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ ၆၉ ရုံရှိပြီး တာဝန်ထမ်းဆောင် ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင် ၆၉ ဦး ရှိကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)