ဗိုလ်တထောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်ယာဉ်ဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်

ဗိုလ်တထောင်       နိုဝင်ဘာ       ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ ယမန်နေ့ည()နာရီအချိန်က နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက် များ ကို ပြည်သူများလိုက်နာဆောင်ရွက်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ အပြင်သို့ မဖြစ်မနေသွားရောက်ပါက နှာခေါင်းစည်း (mask) စနစ်တကျတပ်ဆင်ရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး()ပေ အကွာတွင် နေထိုင်ရန်နှင့် အနံ့မရခြင်း၊ ဖျားနာခြင်းများဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးဦးစီးဌာနသို့ ဆက်သွယ်ရန်စသည်တို့ကိုနှိုးဆော်ခဲ့သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်မှုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီထွန်း ဦးဆောင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ သို့စဉ်ဆက်မပြတ် နှိုးဆော်ပေးပြီးကိုဗစ်-၁၉ရောဂါပျံ့ပွားမှု မရှိစေရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)