မဘိမ်းမြို့နယ်တွင် ဆင်နင်း၍ လူလေးဦးသေဆုံး

မဘိမ်း     နိုဝင်ဘာ     ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပင်ကြိမ်ရွာဟောင်းကျေးရွာတွင် ယနေ့နံနက် နာရီအချိန်ခန့် ဆင်နင်း၍ လူလေးဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာ၏အရှေ့ဘက် ဒေသအခေါ် ငါးကြီးအင်းလယ်တော သွားလမ်းပေါ်တွင် ဆင်ထိန်း နိုင်ဝင်း(၃၇)နှစ်သည် မုံယိုနေသည့်ဆင်ထီးအား လိုက်လံထိန်းကျောင်းစဉ် အဆိုပါဆင်မှနင်းခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး ၎င်းမုံယိုနေသောဆင်ထီးမှ ပင်ကြိမ်ရွာဟောင်း ကျေးရွာနေ ဘဉာဏ်(၂၇)နှစ်၊ အောင်ကြည်စိုး (၂၈)နှစ်နှင့် ခန့်မင်းသက် ()နှစ်တို့ ()ဦးအား ဆက်လက်နင်းသတ်ခဲ့ရာ သေဆုံးသွားကြောင်းနှင့် အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်မင်းကျော်နှင့်တပ်ဖွဲ့ဝင်များ၊ သစ်ထုတ်လုပ်ရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ သွားရောက်၍ ၎င်းဆင်အား ဖမ်းဆီးရမိနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)