ကျွန်းလှမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ကျွန်းလှ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများ အား ပဉ္စမအကြိမ်တစ်အိမ်ထောင်လျှင်ငွေကျပ်(၂၀၀၀၀)နှုန်း အိမ်တိုင်ရာရောက်ပေးအပ်ကြောင်း သိရသည်။

နိုင်ငံတော်မှ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို ပထမအကြိမ် စားသောက်ကုန် ပစ္စည်း(၅)မျိုး၊ ဒုတိယအကြိမ်အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိသည့် အိမ်ထောင်စုများအား တစ်အိမ်ထောင်ငွေကျပ် (၁၅၀၀၀)နှုန်း၊ တတိယနှင့် စတုတ္ထအကြိမ်တွင် တစ်အိမ်ထောင်ငွေကျပ်(၂၀၀၀၀)နှုန်း၊ ယခုပဉ္စမအကြိမ်တွင် တစ်အိမ် ထောင်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်စု(၁၃၃၇၄)စုအတွက် စုစုပေါင်း ငွေကျပ် (၂၆၇၄၈၀၀၀၀) ထောက်ပံ့ခြင်း ဖြစ် ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာ ရောက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို-ကျွန်းလှ