အလုံ နိုဝင်ဘာ ၁၃
အလုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာ စွာဖြင့် စားသောက်ကုန် များကို ဝယ်ယူစား သုံးနိုင်ရေးအတွက် ဈေးရောင်းကား(၈)စီးဖြင့် ယမန်နေ့ နံနက်(၇) အချိန်က စတင်ကာ လာရောက် ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန် သည်များ နှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ပူးပေါင်း၍ အလုံမြို့နယ်အတွင်း နေထိုင်သော ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဈေးရောင်းကား (၈)စီးဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး၊ ကြက်ဥ ၊ဆီ နှင့် အခြားစားသောက်ကုန်များ ရောင်းချပေးခဲ့သည်။
အဆိုပါ Mobile စျေးကား (၈)စီးဖြင့် ကမ်းနားလမ်းနှင့်စကားစိမ်းလမ်းထောင့် (ထော်လီကွေ့အနီး) ၊စောရန်ပိုင် အနောက် ရပ်ကွက်၊ သီရိမင်္ဂလာဥယျာဉ်အိမ်ရာ၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျ အိမ်ရာ၊ ကမ်းနားလမ်း၊ သစ်တောရပ်ကွက်တို့တွင် ရောင်းချပေးခဲ့ကြောင်းသိရှိရပြီး စနစ်တကျ ဈေးရောင်း ချနိုင်ရေးအတွက် အလုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (အလုံ)