ဒဂုံ နိုဝင်ဘာ ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူများသား၊ငါးနှင့်အသီး အနှံသန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းတို့က ယနေ့နံနက်၇နာရီကယောမင်း ကြီးရပ်ကွက်၌ မော်တော်ယာဉ်(၉)စီးဖြင့် တတိယအကြိမ် လာရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။
ရောင်းချပေးရာတွင် သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော အသား၊ငါး၊ပင်လယ်စာ၊ အသီးအရွက်များနှင့် အခြား စားသောက်ကုန်များကို ဝယ်ယူသူအဆင်ပြေစေရန် ဈေးတင်ရောင်းချခြင်း မရှိဘဲ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ရောင်းချပေးကြောင်းကို ဒဂုံမြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဦးထံမှ သိရသည်။
စားသောက်ကုန်များရောင်းချရာတွင်လည်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)