မောက်မယ် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီက မြို့မအုပ်စုရှိတောင်သူဦးစိုင်းစိုင်းခမ်းကျန်၏ လယ်ကွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးဝင်းမော်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ တောင်သူ ဦးစိုင်းစိုင်းခမ်းကျန် ၏ မျိုးသန့်ပွား၊ မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်းရိတ်သိမ်းမည့် လယ်ကွက်တွင် စံနှုန်းများတိုင်းတာခြင်း၊ ရိတ်သိမ်းချွေလှေ့ ထားသောစပါးများ၏ အထွက်နှုန်း တိုင်းတာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် ပခန်းရွှေဝါ မျိုးစေ့ထုတ်မိုးစပါးတစ်ဧကလျှင် အစိုတင်း ၉၆.၇၀ တင်း ထွက်ရှိပြီး အခြောက် ၉၂.၄၄ တင်းနှုန်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဉီးစီးမှူး ဦးဝင်းမော်ဦးထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)