ဒေါ့ဖုန်းယန်မြို့တွင် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ပေးအပ်သည့် ထောက်ပံ့ငွေများအား ပြည်သူလက်ဝယ်အရောက် ထပ်မံပေးအပ်

ဒေါ့ဖုန်းယန်   နိုဝင်ဘာ  ၁၃

ကချင်ပြည်နယ်၊   ဗန်းမော်ခရိုင်၊   ဒေါ့ဖုန်းယန်မြို့တွင်    ပုံမှန်ဝင်ငွေမရှိသည့်       အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနုန်းများနေစဉ် ကာလအတွင်း နိုင်ငံတော် တစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို နိုင်ငံတော် အစိုးရအနေဖြင့် ထောက်ပံ့မှုများ ပေးလျက်ရှိရာ ဒေါ့ဖုန်းယန်မြို့နယ်အတွင်း စတုတ္ထအကြိမ် ထောက်ပံ့မှုအဖြစ် အမှန်တကယ်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအတွက်  ထောက်ပံ့ ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကို ပြည်သူအားလုံးက  ကာကွယ်  ထိန်းချုပ်နိုင်ရေးအတွက်    နိုင်ငံတော်အစိုးရ၏   ညွှန်ကြားချက်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ  ဖာကေ၊  သိန်လုံ၊ တာဆိုင်၊ နားလုံ၊  တိန်းဘုရား၊ မံမော်၊ မံသဲ၊ ဒိန်ဂါယန်၊ တုန်ဟုန်းယန်၊ အူထန်ယန် မံပိန်ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် အမှတ်()နှင့်()()ရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်  အိမ်ထောင်စုပေါင်း(၂၄၃၉)စုအတွက် စုစုပေါင်းငွေကျပ် (၄၈၇၈၀၀၀၀) ကျပ်ကို မိဘပြည်သူများ လက်ဝယ်အရောက် ထပ်မံ၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရှိရသည်။

မြသက်(ပြန်/ဆက်)