မောက်မယ် နိုဝင်ဘာ ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ KFW မှ ကျေးရွာများသို့ ဆိုလာမီးတပ်ဆင်ပြီးစီးမှုအား ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးအောင်ငွေ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းနှင့် တာဝန် ရှိသူများမှ ယမန်နေ့ နေ့လယ်(၁)နာရီက ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပန်းတန်ကျေးရွာအုပ်စု လွိုင်ဆမ်ဆစ်ကျေးရွာ ၊ ဟိုနမ့်ကျေးရွာ အုပ်စု ထီတခေါ့ကျေးရွာ ၊ စျေးကုန်းကျေးရွာ နှင့်ခူဝိန်းကျေးရွာ တို့တွင် ဆိုလာမီးတပ်ဆင်နေမှုအား ကျေးရွာ မီးလင်းရေး ကော်မတီဝင်များနှင့်အတူ မီးလင်းရေး လည်ပတ်နေမှုနှင့် သုံးစွဲနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာလူထုများကို ရေရှည်အသုံးပြုနိုင်ရေး အတွက် လမ်းညွှန်မှာကြားခဲ့သည်။
မောက်မယ်မြို့နယ်တွင် ကျေးရွာပေါင်း(၃၉)ရွာအား ဆိုလာမီးအရေအတွက် (၈၇၀) ခုအားတပ်ဆင်သွားမည်ဖြစ်ပြီး ယနေ့ အထိ ကျေးရွာ (၁၀) ရွာ ဆိုလာမီး (၂၈၇)ခု ၊ လမ်းမီးတိုင်(၄၀)တိုင် ၊ ဘုန်းကြီးကျောင်း(၄)ကျောင်း ၊ မူလတန်းကျောင်း (၄)ကျောင်းနှင့် ဆေးပေးခန်း(၁)ခန်းတို့ကို တပ်ဆင်ပေးပြီးဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)