ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ကြည့်မြင်တိုင်  နိုဝင်ဘာ  ၁၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရ  မှထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ အ​ခြေခံလူတန်းစားအိမ်​ထောင်စုများအား ပေးအပ်ခဲ့​ကြောင်း သိရှိရသည်။

အဆိုပါ နိုင်ငံတော်အစိုးရထောက်ပံ့ငွေများ ပေးအပ်ရာတွင် အိမ်ထောင်စု တစ်စု လျှင် ထောက်ပံ့ငွေကျပ် (၄၀၀၀၀/-) နှုန်းဖြင့် ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ  အ​ခြေခံလူတန်းစား အိမ်ထောင်စု (၁၆၇၆၈)စုအား ထောက်ပံ့ ကြေးငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါထောက်ပံ့ကြေးပေးအပ်ပွဲသို့ မြို့နယ်အတွင်းရှိလွှတ်​တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၊  မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​ကျော်ရင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြပြီး ထိုထောက်ပံ့ကြေးပေးအပ်ခြင်းသည် စတုတ္ထအကြိမ်မြောက် ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)