ကျောက်တလုံးကြီး နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ရေးကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစာအိမ်ထောင်စုများအား တစ်ဖက် တစ်လမ်းအထောက်အကူဖြစ်စေရေး အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့နံနက် ၈ နာရီခန့်က ကျောက်တလုံးကြီးမြို့ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများတို့က ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကျောက်တလုံးကြီးမြို့သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ် ကျေးစာရေးတို့က လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်(၆)ရပ်ကွက် ဖြစ်သောဒုံအုံးရပ်ကွက်၊ ကောင်းဝိန်း ရပ်ကွက်၊ နောင်လုံရပ်ကွက်၊ ထီလုံရပ်ကွက် ၊လင်းနားရပ်ကွက်နှင့် တပူရွေးရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၆၂)စုအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်တစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်စုစုပေါင်း ငွေကျပ်(၁၂၄၀၀၀၀)အား ပြည်သူလက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)