ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၄၆၀၄၄)စုအား စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်

ဒဂုံ(ဆိပ်ကမ်း) နိုဝင်ဘာ ၁၃

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၄၀၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်း() နာရီ အချိန်မှစ၍ ထောက်ပံ့ ပေးအပ် လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွင်းရှိရပ်ကွက် (၁၆) ရပ်ကွက်နှင့်ကျေးရွာ()ရွာမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု စုစုပေါင်း (၄၆၀၄၄)စု တို့အတွက် အိမ်ထောင်စု တစ်စုလျှင်(၄၀၀၀၀)ကျပ်နှုန်းဖြင့် (၁၈၄၁၇၆၀၀၀၀  )ကျပ်ကို စတုတ္ထ အကြိမ်မြောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများက သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများ အလိုက် ပြည်သူများလက်ဝယ်အရောက် အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နန်းရွှေကြည်(ပြန်/ဆက်)