ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်

ရှမ်းရွာသစ်  နိုဝင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်က ရှမ်းရွာသစ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ရှမ်းရွာသစ်မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က ထောက်ပံ့ငွေပေးအပ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ပေါ်(၄) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၃၉)စုတို့အတွက် တစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၇၈၀၀၀၀/-)ကို လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား စားဝတ် နေရေးအဆင်ပြေ စေရန်အတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထကြိမ် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ရှမ်းရွာသစ်မြို့အတွင်း ကျေးရွာအုပ်စု(၉)စုရှိ ကျန်ရှိသောအိမ်ထောင်စုပေါင်း (၁၆၄၀)စု ထံသို့ တာဝန်ရှိသူများတို့က လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)