သာကေတ နိုဝင်ဘာ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပှံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလ၌ စား၊ ဝတ်၊ နေရေး အဆင်ပြေစေရန်အတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ် မြောက် ထောက်ပံ့ ခြင်းအဖြစ် အိမ်ထောင်စုတစ်စုလျှင်ထောက်ပံ့ငွေ (၄၀၀၀၀) ကျပ် အားရပ်ကွက်(၁၉)ရပ်ကွက် အလိုက်ထောက်ပံ့ ပေးခဲ့သည်။
အဆိုပါစတုတ္တအကြိမ်မြောက် ထောက်ပံ့ငွေများထောက်ပံ့ခြင်းကို သာကေတမြို့နယ် ရပ်ကွက်(၁၉) ရပ်ကွက်ရှိ ပှံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၁၈၆၇၇)စုအတွက် ထောက်ပံ့ငွေ (၇၄၇၀၈၀၀၀၀/–)ကျပ်အား သာကေတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ထံသို့ စနစ်တကျပေးအပ်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ နိုဝင်ဘာလ(၁၁)ရက်နေ့မှစ၍ အခြေခံလူတန်းစား ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ ငွေများအား စနစ်တကျဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကိုဘုန်း(ပြန်ဆက်)