လွိုင်ကော် နိုဝင်ဘာ ၁၃
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ၊ လူထူထပ်သည့် နေရာများတွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ လမ်းသွား ၊ လမ်းလာပြည်သူ များအား Mask တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်း ကို ယမန်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ မြို့လယ် နာရီစင်၌ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ကျေးရွာ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေးလှုပ်ရှားမှုအနေဖြင့် မြို့လယ် နာရီစင်၌ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် လမ်းသွား ၊ လမ်းလာ ပြည်သူများအား Mask များကိုချက်ချင်း ဝယ်ယူတပ်ဆင်စေခဲ့ကြောင်းသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)