နမ့်စန်(တ) နိုဝင်ဘာ ၁၃
ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂နာရီ က ကျင်းပခဲ့ရာ နမ့်စန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ခိုလမ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းဟောင်းများ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြားပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏သမိုင်းကြောင်းအား ရှင်းလင်း ပြောကြားခဲ့ကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစား ဝန်ထမ်းဟောင်း ၁၅ ဦးကို အမှတ်တရ ဂါရဝလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အဆိုပါအခမ်းအနားတွင် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် စုစုပေါင်း ကျပ် ၁၂ သိန်းကျော် တန်ဖိုးရှိ အမှတ်တရလက်ဆောင်ပစ္စည်းများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း (၆၀)ဦးအား ကံစမ်းမဲဖောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)