စစ်ကိုင်း နိုဝင်ဘာ ၁၃
နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ် လျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မိမိတို့ရပ်ကွက်/ ကျေးရွာ ပြည်သူများအား စနစ်တကျ ပြန်လည် ထုတ်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ မင်းလမ်းရပ်ကွက် ပြည်သူများသို့ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ရပ်ကွက်မှာ အိမ်ထောင်စုပေါင်း (၆၂၈)စုရှိပါတယ် တစ်အိမ်ထောင်ကို ထောက်ပံ့ ငွေကျပ်(၂၀၀၀၀)နှုန်းပါ စတုတ္ထအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်။ ထောက်ပံ့ပေးတဲ့အခါမှာလဲပဲ လူစု လူဝေး မဖြစ်ရအောင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနဲ့အညီ ထုတ်ပေးနိုင် အောင်စီမံထားပါတယ် ဝင်လာတဲ့သူတွေကို နှာခေါင်းစည်း တပ်ခိုင်းတယ် လက်သန့်ဆေးရည် ဆေးကြော ပေးတယ် တစ်ဦးနဲ့တစ်ဦးလည်း ကျန်းမာရေးနဲ့အညီ ခပ်ခွာခွာနဲ့ ဝင်/ထွက်ခိုင်းပါတယ်။ ထောက်ပံ့ငွေပေးတိုင်း ဘာပြဿနာမှ မရှိပါဘူး။ အားလုံးအဆင်ပြေ ချောမွေ့ပါတယ် " ဟု မင်းလမ်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပြုံးက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း အိမ်ထောင်စုပေါင်း (၈၈၄၀၈) စုရှိရာ ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း (၁၇၆၈၀)ကျော်ကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံးမှ ထုတ်ပေးခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် ပြည်သူများအား တစ်ပြိုင်တည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်