ရပ်စောက် နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစဉ်များဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန် ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစာများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်ချူပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဝင်း က အမှာစကားပြောကြားခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု ရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၂၁၃၈)စုအတွက် တစ်အိမ်ထောင်စုလျှင်ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၄၂၇၆၀၀၀၀)သိန်းကို တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချူပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထိုမှတဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)