က‌လေးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်

ကလေး   နိုဝင်ဘာ  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ထိန်းချုပ်‌‌ရေး ကာလအတွင်း နိုင်ငံတော် အစိုးရက ပုံန်ဝင်ငွေမရှိသော အခြခံလူတန်းစား အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျုံးလျန်ထန်းက အခြေခံ လူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အိမ်ထောင်စု တစ်စုလျှင် (၂၀,၀၀၀) ကျပ်နှုန်း ဖြင့် စုစုပေါင်း (၁,၁၃၂,၉၆၀,၀၀၀)ကျပ်ကို လွဲပြောင်းပေးအပ်ထောက်ပံ့ရာ တက်ရောက်လာကြသည့် ရပ်/ကျေး စာရေးများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ အုပ်စု (၆၁) အုပ်စုရှိပြီး ပုံမှန် ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၅၆၆၄၈) စုရှိကာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆက်လက် ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ဟာလိန်း(ပြန်/ဆက်)