မိုးကောင်း နိုဝင်ဘာ ၁၃
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၄၁၀၄)စုအတွက် ကျပ်သိန်း(၂၈၂၀)ကျော်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိုးကောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု(၅၀)မှ ထောက်ပံ့ ပေးအပ်ရေး ဥက္ကဋ္ဌများထံသို့ ပုံမှန်ဝင်ငွေမရှိသောအခြေခံ လူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မြို့နယ်မှ နယ်မြေအလိုက်တာဝန်ပေးထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာကြီးကြပ်အဖွဲ့များ၏ ကွင်းဆင်း ကြပ်မတ်မှုဖြင့် အခြေခံလူတန်းစားအိမ်ထောင်စုများထံသို့ တစ်အိမ်ထောင်စုလျှင် (၂၀၀၀၀/-) ကျပ်နှုန်းဖြင့် လက်ဝယ်အရောက် ဆက်လက် ပေးအပ်မည်ဖြစ်ပြီး ယခုထောက်ပံ့မှုသည် တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)