ဗန်းမော်ခရိုင်အတွင်း၌ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအသင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗန်းမော်     နိုဝင်ဘာ    

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ သီးနှံများထွက်ပေါ်ချိန်တွင် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စွာ သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ နာရီခွဲခန့်က ဗန်းမော်မြို့ ခရိုင်ပုဂ္ဂလိကပိုင်လုပ်ငန်းယာဉ်များ ကြီးကြပ်မှု ကော်မတီရုံးအစည်းအဝေးခန်းမ၌ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗန်းမော်ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းလှိုင်က ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများပဒေ၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာနည်း ဥပဒေများကို ရှင်းလင်း ပြောကြားပြီး ခရိုင်ပုဂ္ဂလိကပိုင်လုပ်ငန်းယာဉ်များ ကြီးကြပ်မှုကော်မတီမှ ဥက္ကဋ္ဌ ဦးတင်ဖေက ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ညှိနှိုင်းပြောကြားခဲ့သည်။

ယင်းနောက် ဗန်းမော်ခရိုင်ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးရဲထွဋ်လင်း နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးတေဇအုန်းတို့က ဗန်းမော်ခရိုင်အတွင်း သီးနှံထွက်ပေါ်လာချိန်၌ သီးနှံစိုက်တောင်သူများ၊ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်၍ မိမိတို့၏ အရပ်ဒေသအား တစ်ဖက်တစ်လမ်းမှ အကျိုးပြုပေးနေသော လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြင့် ရပ်တည်နေရသော ယာဉ်ပိုင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းပြောကြားကြကာ ကုမ္ဗဏီပိုင်ရှင်နှင့် ယာဉ်ပိုင်ရှင်များမှ သယ်ယူပို့ဆောင်ခများအား နေရာဒေသအလိုက် ဖြစ်နိုင်ခြေနှုန်းထားများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)