ကိုရီးယားသမ္မတနိုင်ငံ(KCHF)အဖွဲ့နှင့် ပုဂံဌာနခွဲမှ ပူးပေါင်းအဖွဲ့တို့ ဘုရားသုံးဆူတွင် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ကဏ္ဍအလိုက်ဆောင်ရွက်နေမှုစစ်ဆေး

ညောင်ဦး နိုဝင်ဘာ 

ကိုရီးယားသမ္မတနိုင်ငံ (Korea Cultural Heritage Foundation(KCHF)မှ Mr.Kim Dong Min ဦးဆောင်သောအဖွဲ့နှင့် ပုဂံဌာနခွဲမှ ပူးပေါင်းအဖွဲ့များဖြစ်သည့် အဆောက်အအုံ ပိုင်းဆိုင်ရာ လုပ်ငန်းအဖွဲ့၊ တူးဖော်ရေးလုပ်ငန်းအဖွဲ့နှင့် နံရံဆေးရေး ပန်းချီပိုင်းဆိုင်ရာလုပ် ငန်းအဖွဲ့တို့မှပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်(ဘုရားသုံးဆူ) လုပ်ငန်းခွင်သို့ ပုဂံဌာနခွဲတာဝန်ခံ  ညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်ဦးဆောင်သောအဖွဲ့က ယမန်နေ့ နံနက် ၁၁နာရီ အချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးဦးမြင့်သန်း ထံကသိရသည်။

ကိုရီးယားပညာရှင် Mr.Kim Dong Minနှင့်အဖွဲ့က ပုဂံဌာနခွဲတာဝန်ခံညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်နှင့်အဖွဲ့အား (KCHF) အဖွဲ့နှင့် ပုဂံဌာနခွဲတို့ ပူးပေါင်း၍ လက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည့် အဆောက်အအုံ ပိုင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဘုရားသုံးဆူရှိ ဘုရားအမှတ်(၄၇၈) ကွမ်းတောင်အထက်ပိုင်းပျက်စီးနေမှုများအား မှတ်တမ်းများ ရယူခြင်းနှင့် ပုံဆွဲခြင်း၊ တူးဖော်ရေးလုပ်ငန်းအဖွဲ့၏ ဘုရားအမှတ်(၄၇၇) အနီးရှိ သစ်ပင်အမြစ်မှ အရှေ့ဘက်ရင်ပြင်ကြမ်းခင်းအောက်သို့ သစ်မြစ်ထိုးဝင်ရောက်နေမှုအား သစ်မြစ်ဖြတ်တောက်နိုင်ရေးအတွက် ကြမ်းခင်း များအား စနစ်တကျ ဖယ်ထုတ်ခြင်း ၊နံရံဆေးရေးပန်းချီပိုင်းဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဘုရားအမှတ်(၄၇၉)၏ ကွမ်း တောင်ပိုင်းတွင် အင်္ဂတေကြံ့ခိုင်မှုဆောင်ရွက်နေခြင်းအခြေအနေတို့ကို ယခင်လာရောက်ဆောင်ရွက်ထားရှိမှု အခြေအနေ တို့နှင့် ပြန်လည်ချိတ်ဆက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD