လိပ်သို နို၀င်ဘာ ၁၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အတွင်းရှိ ရပ်ကွက်/ကျေးရွာ အသီးသီးတို့ရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ (စတုတ္ထ) အကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်ခရစ္စထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စောဂျေအေ၀င်းမြင့်နှင့် မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်တို့က နိုင်ငံတော်မှ (စတုတ္ထ)အကြိမ် အိမ်ထောင်စုများကို ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့ပေး ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ငွေများ ကို လွှဲပြောင်း ပေးအပ်ခဲ့သည်။
လိပ်သိုမြို့ နယ်မြေတွင် မြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၁) အုပ်စု ရှိ အခြေခံလူတန်းစားအိမ်ထောင်စုများ (၇၉၃၆) စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀ဝိ/- နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၅၈၇၂၀၀၀ဝိ/-) ကျပ်အား ထောက်ပံ့ငွေများ ပေးအပ်ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များက ၄င်းတို့ကျေးရွာအုပ်စုအတွင်းရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများထံ လက်၀ယ်အရောက် ဆက်လက် ထောက်ပံ့ပေးကြမည် ဖြစ်ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)