ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာများ စိစစ်ရွေးချယ်

ကျောက်ဆည်  နိုင်ဝင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၃၀၀)နှင့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျေးရွာ (၁၅)ရွာ စီစစ်ရွေးချယ်ခြင်းကို ယနေ့မွန်းလွှဲ(၂)နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရွေးချယ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ်ဦးရဲမင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း ၊မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချန်ထွန်းနှင့်မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များတက်ရောက်ကြောင်းသိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများကို ဗလီကွင်းကျေးရွာနှင့်ဝမ်းသောင်ကျေးရွာ(၂)ရွာပေးအပ်သွားမည် ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက် သမန်းသာကျေးရွာ၊ ဌက္ကတောင်ကျေးရွာ၊ ပတ္တာကျေးရွာ၊ တောင်တော်ကျေးရွာ၊ ညွှန့်ပင်ကျေးရွာ၊ မြို့သာကျေးရွာ၊ ကတက်ကုန်းကျေးရွာ၊ တောင်နောက်ကျေးရွာ၊ကိုးပင်ကျေးရွာ၊ တံတားဦးကုန်းကျေးရွာ၊ တံတားဦးလေးကျေးရွာ၊ မကျီးတောကျေးရွာကျီးအိပ်ကျေးရွာ၊ မြောင်းဘောင် ကျေးရွာနှင့် အနောက်ရွာနန်းကျေးရွာစုစုပေါင်းကျေးရွာ(၁၅) ကိုရွေးချယ်ခဲ့ပြီးအဆိုပါကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ငွေများဖြင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)