ကျောက်ပန်းတောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့

ကျောက်ပန်းတောင်း၊ နိုဝင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်ငွေကျပ်(၂၀၀၀၀) ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို၊ ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောက်ပန်းတောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေကိုနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်တို့က အဖွင့်အမှာစကားပြောကြားကြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ငွေကြေး ထောက်ပံ့ပေး အပ်ရာတွင် ပြသနာတစ်စုံတစ်ရာမပေါ်ပေါက်အောင် စနစ်တကျဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်ဌာနဆိုင်ရာများက မြို့နယ်ခွဲ အလိုက် ရပ်ကွက်/ကျေးရွာအုပ်စုတာဝန်ခံများကို ပေးအပ်ပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ ယင်းနောက် ကျေးရွာ/အုပ်စုအုပ်ချုပ်ရေးမှူးများကို နယ်မြေခွဲအလိုက် တာဝန်ယူထားသည့် ဌာနဆိုင်ရာများက စနစ်တကျ ထုတ်ပေးခဲ့ ကြကြောင်းသိရပြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း (၄၅၄၃၃)အတွက်၊ စုစုပေါင်းငွေကျပ် (၉၀၈၆၆၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)