၂၀၂၀-၂၀၂၁ ခု၊ဘဏ္ဍာရေးနှစ်၊တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ် ၊ နိုဝင်ဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်

အခမ်းအနားတွင် ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်ထွန်းစံက တင်ဒါဆိုင်ရာစည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး အင်ဂျင်နီယာမှူး ဦးနေမျိုး က တင်ဒါခေါ်ယူသည့် ပစ္စည်းများ၏ စံချိန်စံညွှန်းများအား ရှင်းလင်းတင်ပြသည်

ထိုနောက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းLOT – 30 ခုအား တင်ဒါတင်သွင်းသည့်လုပ်ငန်းရှင်များ က စျေးနှုန်း အဆိုပြုလွှာများကိုတင်သွင်း ခဲ့ရာ တာဝန်ရှိသူများ က အဆိုပြုလွှာများဖွင့်ဖောက်စစ်ဆေးသည်

အဆိုပါ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင်ပြန်/ဆက်)