ပလောက် နို၀င်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊ အမှတ်(၃)ရပ်ကွက်ရှိ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ပေး အပ်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့သည်၊
ထိုသို့ပေးအပ်ရာတွင် ပုလောမြို့နယ် ကျေးလက်လမ်းဦးစီးဌာနဦးဆောင်၍ ပလောက်မြို့ အမှတ်(၃) ရပ်ကွက်ရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံ အိမ်ထောင်စု (၆၁)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေ (၂) သောင်းကျပ်နှုန်းဖြင့် ငွေကျပ် (၁၂၂၀၀၀၀) ကျပ်အား ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်၊
နှင်းမြူလွင် (ပြန်ဆက်)