မြစ်သား နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များသည် နေရှင်နယ် ပရဟိတကျောင်းသားများနှင့် တွေ့ဆုံပြီး စာဖတ်ရှိန် မြင့်မားလာစေရန် နှင့် အတွေးအခေါ် ပိုမိုရင့်သန်လာလာစေရန် ရည်ရွယ်ပြီး စာရေးဆရာအောင်သင်း၏"မျိုးဆက်သစ် တိုးတက်ရစ်ဖို့-၂"စာအုပ်အား စာဖတ်ဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များရှင်းလင်းခြင်းနှင့် စာရေးဆရာအောင်သင်း၏ "မျိုးဆက်သစ် တိုးတက်ရစ်ဖို့ -၂"စာအုပ်မှ "ပညာသင် တယ်ဆိုတာ"ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြား ခဲ့ပြီးနောက် မြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး (ကဗျာဆရာမ) ခင့်မိုးခင်က "ကိုယ်ပိုင်အရင်းအနှီး ၊ ဆရာနှင့်တပည့်၊ ပညာရှိ သတိဖြစ်ခဲ၊ စနစ်တကျစူးစမ်းမှု ၊ လေ့ရင်လာပါတယ် "ခေါင်းစဉ် များဖြင့် လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသားများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြမြမွန် (ပြန်/ဆက်)