ဒဂုံမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုပြီးသော မဲရုံများအား ပိုးသတ်ဆေးဖြန်းခြင်း ဆောင်ရွက်ပေး

ဒဂုံ နိုဝင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ရပ်ကွက်တို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံအဖြစ် အသုံးပြုထားသော အခြေခံပညာကျောင်းများနှင့် ဓမ္မာရုံတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအနေဖြင့် ပိုးသတ် ဆေးဖြန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက  ဆောင်ရွက်ကြောင်း သိရသည်။

ပိုးသတ်ဆေးဖြန်းပေးရာတွင် ယောမင်းကြီးရပ်ကွက် မဲရုံ(၃)ရုံ၊ ဦးဝိစာရ ရပ်ကွက်မဲရုံ(၂)ရုံ၊ ဘုရားကြီး ရပ်ကွက်မဲရုံ(၂)ရုံ၊ ပြည်အရှေ့ရပ်ကွက်မဲရုံ(၄)ရုံနှင့် ပြည်အနောက်ရပ်ကွက်မဲရုံ(၂)ရုံတို့အား မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စနစ်တကျ ဆောင်ရွက်ပေးကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)