ပြည်ကြီးမဏ္ဍိုင်၊ နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှထောက်ပံ့ငွေများ ပေးအပ်လျှက်ရှိရာ စတုတ္တအကြိမ်မြောက် အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်မှုကို ယနေ့နံနက်က ပြည်ကြီးမဏ္ဍိုင်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါထောက်ပံ့မှုများကို သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စုအလိုက် မြို့အဆင့်ဌာနဆိုင်ရာများ ကြီးကြပ်ကာ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ရပ်ကွက် (၃) ရပ်ကွက်နှင့်ကျေးရွာ အုပ်စု (၇)အုပ်စုရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၂၀၅၆) စုအတွက်အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် နှစ်သောင်းနှုန်းကို ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)