လမ်းမတော် နိုဝင်ဘာ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်လျက်ရှိရာ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၄၀၀၀၀/) ထောက်ပံ့မှုများအား ယမန်နေ့ ညနေပိုင်းမှစ၍ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၃)ရပ်ကွက်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စု (၄၂၆)စုအတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ ငွေကျပ် (၄၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၇၀၄၀၀၀ဝိ/)အား လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)