လှိုင် နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင်နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအားထောက်ပံ့ငွေပေး အပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းကစ၍မြို့နယ်အ တွင်းရှိ ရပ်ကွက်အသီးသီး၌ ပေးအပ်လျက် ရှိကြောင်းသိရသည်။
ထိုကဲ့သို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက်တစ်အိမ်ထောင်လျှင် ငွေကျပ် (၄၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၅၉၅၀) အတွက်စုစုပေါင်းငွေကျပ် (၂၃၈,၀၀၀,၀၀၀) ထောက်ပံ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
အဆိုပါ နိုင်ငံတော်အစိုးရမှထောက်ပံ့ပေး သောထောက်ပံ့ငွေများကိုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)