ရွာငံ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ဗထူးခန်းမတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီကပေးအပ်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် ရွာငံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် အိမ်ထောင်စု(၂၈၃၀)စုအတွက် ငွေကျပ်(၅၆၆၀၀၀၀၀/-)ကို စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက အသီးသီး လက်ခံရယူကြသည်။
ယင်းထောက်ပံ့ငွေများကို သက်ဆိုင်ရာပြည်သူများ လက်ဝယ်အရောက်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)