နောင်တရားမြို့ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။
နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက အမှာစကားပြောကြားပြီး မြို့အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)